Tuesday, 26 April 2011

www.myspace.com နှင့် တစ်ခြားဆိုက်က သီချင်းတွေကို ဘယ်လို free download လုပ်မလဲ ..


ဒီနေ့ ကျွန်တော်တို့ဆီက DJ ကစားတဲ့ သူငယ်ချင်း တစ်ယောက်ကို အကူအညီ ပေးရင်းနဲ့ ဒီဆိုက်လေးကို အမှတ်တမဲ့ တွေ့လိုက်တယ် .. ဒီဆိုက်ရဲ့သဘောတရား က သူ့ရဲ့မူရင်းဆိုက်ထဲမှာ သီချင်းတွေကို သိမ်းထားမယ် ဆိုရင် သူက အလိုအလျှောက် အဲ့ဒီ့မူရင်းဆိုက်ထဲ ၀င်ပြီး ရှာပေးတယ်ဗျ ... တစ်ချို့ဆိုက်တော်တော် များများမှာ သီချင်းတွေကို နားထောင်လို့ရပေမယ့် download လုပ်လို့မရဘူးလေ .. အဲ့ဒါဘာကြောင့်လဲဆိုရင် မူရင်းဆိုက်ပိုင်ရှင်က နားထောင်ဖို့သက်သက်ပဲ ပေးထားလို့ပါ .. အဲ့ဒါကို ကိုက ရအောင် download လုပ်ချင်တယ်ဆိုရင် အခုအောက်က ပေးထားတဲ့ ဆိုက်လေကနေ ၀င်ပြီး download လုပ်လိုက်ကြည့်ပါ အဆင်ပြေမှာပါ .. အထူးသဖြင့် နိုင်ငံခြား သီချင်းတော်တော်များများဟာ myspace.com မှာပဲ အများအာဖြင့် သိမ်းထားကြတယ်လေ .. ဘာဖြစ်လို့လဲဆိုရင် သူ့မူရင်းဆိုက်မှာကကို music player ကို အခမဲ့ပေးထားလို့ပါ ..
ကဲ ဒီအတိုင်းလေး စမ်းကြည့်ရအောင် ..

(၁) ဒီ orbit လေးကို ဒေါင်းလော့လုပ်လိုက်ပါ ... ပြီးသွားရင်တော့ install လုပ်ထားလိုက်ပါ ..
(၂) install လုပ်ပြီးသွားရင် http://uk.file2hd.com သွားလိုက်ပါ
(၃) url အကွက်မှာ ကိုလိုချင်တဲ့ သီချင်းရှိတဲ့ လိပ်စာကို ရိုက်ထည့်ုလိုက်ပါ ကျွန်တော် ဥပမာ တစ်ခုလုပ်ပြပါမယ် .. အခုလုပ်ပြတဲ့ ဆိုက်လေးထဲက သီချင်းကို လိုချင်လွန်းလို့ ရှာချင်လို့ ရိုက်ကြည့်ရင်းနဲ့ တွေ့သွားတာလေ ..
(၄) http://www.myspace.com/djeclipseau ဆိုပြီး url အကွက်ထဲမှာ ရိုက်ထည့်လိုက်ပါ ..
(၅) ပြီးရင် audio ကို check လုပ်ထားပြီး Get File ကိုနှိပ်လိုက်ပါ ...
(၆) ပေါ်လာတဲ့ Original Version (High Quality) အောက်ကဖိုင်တွေထဲက ကိုလိုချင်တဲ့ဖိုင်ကို နှိပ်လိုက်ပါ
(၇) ပုံထဲကအတိုင်း ဒေါင်းလော့ချဖို့ လင့်တစ်ခုပေါ်လာပါလိမ့်မယ် .. save ပေးလိုက်ပါ ..
(၈) အားလုံးပြီးသွားရင်တော့ သူဒေါင်းထားတဲ့ နေရာမှာသွားရှာလိုက်ပါ ..
အများအားဖြင့် mycomputer >> C >> download ဖိုင်ထဲမှာ ရှိတတ်ပါတယ် .. အဲ့ဒီ့လောက်တော့ ရှာတတ်မယ်ထင်ပါတယ် .. ကဲ ပုံတွေကိုတင်ပေးလိုက်ပါတယ်ဗျာ .. အသေးစိတ်ကတော့ ကိုယ်ကိုယ်တိုင် ဖတ်ပြီး စမ်းကြည့်ကြပါဦး ... ကျွန်တော်လဲ မအားတဲ့ကြားထဲကနေ ပို့စ်တင်နေရလို့ အသေးစိတ်ကို နောက်ကျမှပဲ ပြန်ပြီးစီစစ်ပြီး ပြန်ပြင်ပေးပါ့မယ် ...




0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews