လမင်းက ကြယ်လေးတွေအတွက်
အလင်းသံစဉ်လေးတွေ ဖန်ဆင်းပေးသူတဲ့
တာရာမင်းဝေကတော့ အမှတ်တရပြောသွားတယ်
ဘဝကိုမှောက်ခုံလုပ်ထားတဲ့
ငါ့ကြည့်မှန်ထဲမှာ လမင်းက
နမော်နမဲ့နိုင်တဲ အနိမ့်ပျံ ငှက်တစ်ကောင်လား
ကောင်းကင်မှာ ပါးစပ်ပါရင်
လမင်းကိုဘာပြောမှာလဲ တွေးမထားမိတာက
သူကမှီခိုနေသူတစ်ယောက် ဆိုတာပဲ
အလင်းစားငှက်တစ်ကောင်ရဲ့သိက္ခာတရားတွေ
တန်ပြန်ရိုက်ချက်တွေ ပျော့ပျောင်းလို့ လား
မာနတရားနဲ့ တင်းနေတဲ့ လမင်းမျက်နှာလေးက
ရေခဲတိုက်ထဲက ရေခဲတုံးလိုပဲ
လွတ်လပ်တဲ့ ခလေးကြီး တယောက်လို
နဘေနဲ့ ကာရံ ကိုနားမလည်ရင်နေပါစေ
မှန်နှစ်ချပ်နဲ့ ကြည့်ပေးပါ
တိမ်ဖြူညိုပြာကြားမှာဝပ်နေတဲ့လမင်းက
ခြေတလှမ်းဆုတ်ထားတဲ့ အားတွေရှိပါလိမ့်မယ်..။


16:07
Yuo&Me Collection
Posted in:
0 comments:
Post a Comment