Thursday, 24 February 2011

ချစ်အမေသို့ တေးတစ်ပုဒ်

အားငယ်နေသော နှလုံးသားနဲ့

ရေးဖွဲ့ထားသော စာကို ဖတ်လိုက်ရတော့

သားရဲ့ နှလုံးသာလည်း

အမေ့ရဲ့ နှလုံးသားနဲ့

တစ်သားတည်း ဖြစ်ခဲ့ရပါတယ်အမေ.။



အမေရယ်..

ပန်းမျိုးစုံကို

အမြတ်တနိုး ပြုစုတဲ့

ဥယျဉ်မှူးကဲ့သို့

အမေ့ကို စောင့်ရှောက်ချင်စိတ်

သားရင်မှာ လျှံတက်နေပါတယ် အမေ။



ဆက်လက်ဖတ်ရှုရန်

Tuesday, 22 February 2011

လူပြတ်တဲ့လမ်း

စကတည်းကကို နာခဲ့ရတဲ့ဇာတ်ပါ
စာမျက်နှာတရွက်လောက် ကျော်ဖတ်ခွင့် ရနိုင်မလား
ကောင်းကင်က တိမ်တောင်တွေကတော့
ရောင်ပြောင်းတောက် နာရီတွေပတ်
ပါတိတ်ရှပ်အဆင် မထပ်ဘဲ
တချပ်မှောက် ကစားနေကြ
လေပြင်းမုန်တိုင်းနဲ့။

တည့်တည့်ဖောက်ထွင်းသွားတဲ့ မြားတစင်းလို
ပစ်မှတ်ကို ငတ်မွတ်တတ်ဖို့ လိုမယ်
အလွတ်သဘော ပြောဆိုမှုမျိုးမှာတောင်
နောင်တတရားမဲ့ တိုက်ခတ်နိုင်ခဲ့ပါရဲ့နဲ့
တချို့ရင်ချင်းဆက်ခဲ့သူတွေက
ခေတ်ပြိုင်ခံစားမှုတဲ့
အထူးပြုလုပ်ချက်များသော ဈေးကွက်ထဲ နေရာဦး
မြူးကြွတေးသွားအလိုက်နဲ့အတူ
“လူကြီးမင်းများ လက်ခုပ်တီးပါ”
ချိုပြုံးက သိနေတယ်။

ဒီလိုပင်လယ်ပြင် ငြိမ်သက်နေပုံမျိုး
သမရိုးကျ အမျှဝေပုံမျိုးနဲ့တော့
မကြိုးစားလိုက်ကြပါနဲ့
ငါ့ဝိညဉ်ကို ကယ်တင်ဖို့။      ။

ဘဝ ခရီးလမ်း

မာရသွန်ဆန်တဲ့ …
ဘဝလမ်းပေါ်က ဘဝကြမ်းများ
ရုန်းကန်မှုတွေနဲ့ အလွန်ပင်ပန်း။
Zarnimg
တချို့သူတွေက ဘဝခရီးအတွက် …
ဥာဏ်ပညာတွေနဲ့ ရင်နှီးကြတယ်
တချို့သူတွေက ဘဝခရီးအတွက်
မာယာတွေနဲ့ ရင်းနှီးကြတယ်  
တချို့သူတွေက ဘဝခရီးအတွက်
… တွေနဲ့ ရင်းနှီးခဲ့ကြတယ်။

လောကီသားတွေရဲ့ …
မငြိမ်းချမ်းတဲ့ အတိဒုက္ခတွေကို
ထာဝရဘုရားသခင်က
ဥပေက္ခာပြုထားလေရော့သလား !!!
အပြန်ပြန်အလှန်လှန် ကျုပ် ပြန်စဉ်းစား
စဉ်းစားမရပါလား … ခက်သား။

ဒီကမ္ဘာမြေပေါ်မှာပေါ့ဗျာ …
သေဖို့ထက် နေဖို့ ခက်ခဲပေမယ့်
ဘဝဆိုတာက ရုန်းကန်မှုတခုပေမို့
အင်အားတွေ စိုက်ကာ
ရှေ့ကို ဆက်လှမ်းရဦးမပေါ့။

ရောင်းရင်း … မိတ်ဆွေ …
အပေါင်းအသင်း … သူငယ်ချင်းတို့ရေ …
ကျုပ်တို့တတွေဟာ လူသားတွေပေမို့
လက်ရှိဘဝကို တိုးတက်ဖို့
ရိုင်းပင်းကူညီကာ
အဖြေမှန်တခုကို ရှာကြစို့။

အငြှိုးကြီးလှတဲ့ ကံကြမ္မာရယ် …
ဝဋ်ကြွေးတွေ ရှိခဲ့ရင်လည်း
ဒီမျှနဲ့ပဲ ကျေပါစေလေ
အပြစ်ရှိလို့ လူလာဖြစ်တဲ့
လူသားတယောက်ရဲ့ ဆုတောင်းစကား
ထာဝရဘုရားသခင် ကြားရင်
ကူညီဖေးမလေမလား
စဉ်းစားမရပါလား … ခက်သား။

လက်ရှိပဋိပက္ခတွေကို ဖြေရှင်းဖို့ …
ကယ်တင်ရှင်ကိုချည်းပဲ အားမကိုးချင်တဲ့ ကျနော်
သွေးချင်းညီသူတွေနဲ့ လက်တွဲ
တယောက်နဲ့ တယောက်
အပြန်အလှန်ဖေးမကာ ကူညီပါလို့
ဘဝလမ်းခရီးကို ရဲရဲဆက်ချီမယ်။

ဒဏ်ရာသည်းတဲ့ အားနိယာမ


danyar-thee-tet-niyar-maတချို့မသိသလို နေကြတုန်း
အဖုံးလုံလုံ ပိတ်ပြီးသား
အမှန်တရားတို့ အရောင်လွင့်
နေမြင့်လေ …။

ရုပ်သေးရုပ်တွေလို
နှစ်ချို့ဓာတ်ပုံစာတမ်းတပ်
(တွင်းနှုတ်ခမ်းကို)
ချည်းကပ်လာနေကြ။

တိုင်ချည်ဖောက်ချည်စနစ်တကျ
ပြဇာတ်ကြမ်းလည်း
တခန်းမရပ် …
အလွမ်းဇာတ်နာတို့ ထပ်ထပ်ကြမ်း
လမ်းဆုံးကို မရောက်ခင်မှာပင်
ပေါက်ပင်နဲ့ ဗျိုင်းထုံး
နှလုံးမူနေကြသော အခိုက်။

ဘာကို စိုက်ပျိုးလို့
ဘာကို ရိတ်သိမ်းကြမှာပါလဲ။

ဆင်ခြေလဲခွင့်မရသော သိုးတို့သာ
တောင်စွယ်နေကွယ်ချိန်ဆီ တရွေ့ရွေ့။ ။

ကျော့ကွင်း


kyoutqueenမာယာများမယ်မကြံနဲ့
ဒါဟာ …
ကမ္ဘာအရပ်ရပ်ကို စိန်တူးဖို့ ထွက်နေတာ မဟုတ်ဘူး။

ခြေချင်းလိမ် တိုက်ပွဲတွေကြားမှာ
မျက်နှာမရတဲ့ ငြိမ်းချမ်းမှု
အာသာပြေနည်းနဲ့ အလံတဝက် ထူပြတာကို
ငါးစာသာမြင်
ငါးမျှားချိတ်အရောင် မေ့တေ့တေ့ဖြစ်လို့။

မီးခိုးတအူအူနဲ့ ခေတ်ကြီး စနစ်ကြီးက
လမ်းလျှောက်ပုံများ မြန်နေမလား၊
လမ်းလျှောက်ပုံများ နှေးနေမလား၊
မီးလောင်ထားတဲ့ စည်းရိုးတွေမတော့
ဟန်ကျပန်ကျပဲ
လေနဲ့အတူ တလူလူလွင့်လို့။

ကူပါ ကယ်ပါနဲ့
အစွန့်ပစ်ခံ ကမ္ဘာကြီးထဲမှာ
အမေ့လျော့ခံနေရတဲ့ အဖြစ်။

ဒီတခါ
မယာများသော ကျော့ကွင်း အလျှော့အတင်းနဲ့
စံမရှိတဲ့ စနစ်အတွက်
အထပ်ထပ် ရစ်ရင်း ပတ်ရင်း
သိဒ္ဓိတင်သင့် မတင်သင့်ဆိုတာ …။ ။ 

နရသိန်တောရက ခံစားမှု

ရဟန်းအတွက် ဝတ်အပ်ရာ
နီစွေးစွေး သင်္ကန်းဆိုတာ
မြန်မာပြည်က လူတိုင်းအသိ။
mizzima-na-ra-thein
အခုတော့ …
အနီရောင် တစက်ကယ်,မပါ
ခပ်ညစ်ညစ် အဖြူရောင်ကာလာနဲ့
အထက်အောက် ငါဆင်မြန်း
ဖိုးသူတော် တပတ်နွမ်း ဖြစ်နေပါရော့လား။

ရဟန်းအတွက်
အပ်စပ်တဲ့နေရာ
ဆိတ်ငြိမ် အေးချမ်း
တရားကြေးစည်သံလွှမ်းတဲ့ ကျောင်းသင်္ခမ်းပါ။

အခုတော့ …
ငါ ရောက်နေတာ
မစည်ကားအပ်
လူတွေသတ်မှတ်
နံရံလေးဘက်ကြားက
ရာဇဝတ်သားတွေ စံမြန်း
လောကဒုက္ခ ဘုံနန်းပါလား။

ဆက်လက်ဖတ်ရှုရန်

Sunday, 20 February 2011

အိမ်လွမ်းသူရဲ့တမ်းချင်း


အခက်ခဲနဲ့ ပြသနာဆိုတာ
အမေအရိပ်ခိုစဉ်က နားမလည်ခဲ့ပေမယ့်
အခုတော့ သူတို့တွေနဲ့ ငယ်ပေါင်းကြိးဖော်လိုတောင် ဖြစ်နေပြီ အမေ။

ဘဝဆိုတဲ့လမ်း
လျှောက်လှမ်းနေရင်းနဲ့ ကမ်းမမြင်တဲ့
ပင်လယ်ပြင်မှာရွက်လွင့်ရတဲ့ တစ်ကိုယ်ထည်း သမားမို့
လူအများနဲ့ ဆက်ဆံရာမှာ ကျင့်ဝတ်တွေတောင်မေ့လျော့နေပြီ အမေ။

ဆက်လက်ဖတ်ရှုရန်

Saturday, 19 February 2011

ဆုတောင်း (BPM)

မုန်းတယ်

မုန်းတယ်
လူမလုပ်တဲ့ လုပ်ရပ်နဲ့  ပုပ်ပွနေတဲ့ကိုယ်ကျင့်တရား
လက်ကိုင်ထားတဲ့ အာဏာရူးကြီးကို
မုန်းတယ်
အရှက်အကြောက်တွေ မြေမြှုပ်ထားပြီး
စိတ်ဓါတ်တွေ အဝီစိရောင်နေပြီဖြစ်တဲ့
အာဏာရူးတွေကို
မုန်းတယ်
စဉ်းစားညာဏ်နတ္ထိ
ခွေးလောက်မှ အဆင့်မရှိ
ကြိုးလှန်ထားတဲ့ စစ်ခွေးတွေကို
မုန်းတယ်
ဇာတ်တူ အရိုး တွေကိုကိုက်
ကိုယ်ထင်ရာ ကိုယ်စိုင်း
အမျိုးဖျက် လူ့ ဗာလတွေကို
မုန်းတယ်
ဆက်လက်ဖတ်ရှုရန်

Friday, 18 February 2011

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews