ကျွန်တော်ဒီနေ့ အလွယ်ဆုံးနည်းနဲ့ ဘလောက် template ကိုပြောင်းပုံပြောင်းနည်း လေးပြောပြပါ့မယ်.. ဒီနည်းလေးကို ကျွန်တော်ရေးရခြင်းရည်ရွယ်ချက်ကတော့ သူငယ်ချင်းတော်တော်များများဟာ ကို့ရဲ့ ဘလောက်လေးကို သူများဘလောက်တွေလို အရမ်းလှချင်ကြတယ်၊ ဒါပေမယ့် html အကြောင်း သိပ်ပြီးနားမလည်ကြတာကြောင့် သူများရေးထားပြီးသား blog template များကိုပဲ သုံးကြရတာကို ကျွန်တော်တွေ့မြင်နေရတာကြောင့်မို့လို့. အကောင်းဆုံးနဲ့ အလွယ်ကူဆုံးနည်းလေးနဲ့ ဘလောက် template ပြောင်းနည်းကို တင်လိုက်ရတာဖြစ်ပါတယ်။ ဒီနည်းလေးဟာ အရမ်းကိုလွယ်တယ်ဆိုပေမယ့် ကိုလိုချင်တဲ့ ဘလောက်ပုံစံလေးကို စိတ်ကူးထဲကအတိုင်း ပုံဖော်ပြီး ပြန်ပြင်ဖို့အတွက် လုံလောက်တာကြောင့် ဖတ်သူ သူငယ်ချင်းများကြေနပ်အားရ လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော့်ဘလောက်လေးကိုလည်း အဲ့ဒီံနည်းလေးနဲ့ပဲ လုပ်ထားတာပါ။ ဘယ် blogger များမှ ဒီ template ပြောင်းနည်းလေးကို မရေးပေးသေးလို့ တင်လိုက်တာပါ။ သိပြီးသားဆိုရင်တော့ ကြိုပြီးတောင်းပန်ထားပါရစေ မသိသေးတဲ့သူများအတွက် ရည်စူးထား ပါကြောင်း၊ နှာခေါင်းမရှုံကြရန်ကိုပါ ထပ်လောင်းပြီးတော့ပြာထားပါရစေ။ ကဲပြောင်းနည်းလေးကို စလိုက်ကြရအောင်လားဗျာ.အရင်ဦးဆုံးကျွန်တော်တို့ စိတ်ကူးထဲကအတိုင်း ပြုပြင်ဖို့ အဆင်သင့်လုပ် ထားပြီးသား ဘလောက်ပုံစံလေးတွေကို လိုက်ရွေးပါ့မယ်။ အကောင်းဆုံး free ရမယ့် ဘလောက်လိပ်စာများကိုလဲ တစ်လက်စတည်းတင်ပေးလိုက်ပါတယ်။ ပထမဦးဆုံး adobe photoshop ကိုတော့ စာဖတ်သူရဲ့ PC မှာကြိုပြီးတော့ တင်ထားဖို့လိုပါတယ်...


14:04
Yuo&Me Collection
Posted in:
0 comments:
Post a Comment