Friday, 18 February 2011

ဘဝနဲ့ သုံးသပ်ချပ်

ဘဝနဲ့ သုံးသပ်ချပ်
ရပ်သမ်မပါတဲ့ ဘဝတေးကို ဆိုဖို့ 
ဒုက္ခများ ဟာမိုနီလိုက်ရန် ရောက်လာခဲ့တယ်
ငါတို့  တစ်ချိန်ကလျှောက်ခဲ့ခြေရာတွေ လေလံတင်ထားတယ်
ငါအပါအဝင် ဘယ်သူတွေ လိုချင်လဲ ???...
ဒီဘုရားအိုနံဘေး တစ်ခါက လမင်းလေးအောက်မှာ
ငါတို့ တွေအတူတူထိုင်ရင်း ပြောဖြစ်ခဲ့ကြတယ်..
ဒို့ အနာဂတ်ရဲ့ နေညိုချိန်တွေအကြောင်း....
ငါတို့ အိမ်မက်တွေထဲ ခဏခဏမူးပြီးလဲနေတယ်
နေဝင်ချိန်တွေကို မျိုချပြီးတော့....
မဖြစ်နိုင်တဲ့အရာကိုတောင်းဆိုပါတယ်...
အကြောင်းကြောင်းကြောင့် ကျခဲ့တဲ့ ငါ့မျက်ရည်တွေကို စုစောင်းပြီး
ငါ့သမိုင်းပြတိုက်မှာ ပြခွင့်ပြုပါ...
အဓိပ္ပါယ်ဖွင့်ဆိုချက်မရှိတဲ့ ငါ့သီအိုရီထဲမှာတော့
ငါဟာ....နပိုလီယန် မဟုပ်ဘူး...
အိမ်ပြန်ချိန်တွေ မရှိတော့ဘူး
အတောင်စုံပြီထင်ပြီး ငါပျံသန်းခဲ့တဲ့ ခရီးမှာ
အိမ်မက်နဲ့ မျှော်လင့်ချက်တွေ ထည့်ထားတဲ့
ငါ့ဗိုက်လဲပြည့်နေပြီ.........
ခုတော့ သုံညတွေအောက်ရောက်နေတဲ့
ငါတို့ ဘဝတွေကို.....ရေတွက်ဖို့ သင့်နေပြီထင်ပါတယ်......
                                                                 ဧရာဝတီသား

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews