Sunday, 20 March 2011

အမေရိကန်နိုင်ငံ အရှေ့ဖက်ခြမ်းမှာ မုန်တိုင်းကျတဲ့ နေ့တစ်နေ့

အမေရိကန်နိုင်ငံ အရှေ့ဖက်ခြမ်းမှာ မုန်တိုင်းကျတဲ့ နေ့တစ်နေ့
အောင်ဒင်
မတ် ၂၀၊ ၂၀၁၁
လေပြင်းတွေတိုက်တယ်
သစ်ပင်ကြီးတွေ ပြိုလဲတယ်
လျှပ်စစ်မီးတွေ ပြတ်တယ်
ဘဝ တခုလုံး မှောင်မဲသွားတော့တယ်။
အဲဒီလို ဆိုမိတော့
ပိုတယ် ထင်ကြမယ်
ပြန်ငဲ့ကြည့်တော့
စစ်ဆိုင်ကလုံး နဲ့ သဘာဝဆိုင်ကလုံး
မုန်တိုင်း နှစ်ခုဒါဏ် တပြိုင်ထဲ ခံစားနေရတဲ့
မြန်မာပြည်သူတွေရဲ့ နာကြည်းဖွယ်ဘဝတွေ
ဂျပန်ပြည်သူတွေရဲ့ ကြေကွဲဖွယ်အနိဋ္ဌာရုံတွေ
လစ်ဗျားပြည်သူတွေရဲ့ အံကြိတ်တက်ခေါက်သံတွေ ။
ဟုတ်ပါရဲ့၊ ကျနော် ပိုမိပါတယ်
ကြောက်လို့ ထွက်ပြေးလာတဲ့ လူတယောက်
ကြောက်တတ်ဖို့ အဆင်သင့်ဖြစ်နေတာ ခွင့်လွှတ်ကြပါ
အထူးသဖြင့်
အသက် ၄၈ နှစ်ပြည့်တဲ့နေ့မှာမှ
မုန်တိုင်းကျ၊ မိုးတွေရွာ၊ မီးတွေပြတ်
အမှောင်ထုထဲမှာ မိတ်ဆွေငတ် နေရသူမို့ပါ။

ဪ…မွေးနေ့ဆိုတာ
မရောက်ခင်မှာ နည်းနည်းလောက် ရင်ခုန်လှုပ်ရှား
ရောက်တော့လဲ ၂၄ နာရီကြာ တစုံတရာအဓိပ္ပာယ် ရှိနေသလိုလို
ပြီးတော့လဲ အမှတ်တမဲ့ ကုန်ဆုံးသွားခဲ့
၄၉ ကြိမ်ရှိခဲ့ပါပြီ။

ကြောက်စရာတွေ ပြည့်နှက်နေတဲ့ ဘဝထဲက ကျနော့် မေမေ
ဒီနေ့တနေ့လုံး
ဘုရားစင်ရှေ့မှာ ဝတ်ပြုပြီး
ကြောက်တတ်တဲ့ သူ့သားကြီး အန္တရယ်ကင်းအောင်
ဆုတောင်းပေးနေလိမ့်မယ်
ကျေးဇူးပါ မေမေ ။

(မတ်လ ၈ရက်နေ့၊ မိမိ၏ ၄၈ နှစ်ပြည့်မွေးနေ့အမှတ်တရ၊)
(ပန်းပု၊ Rebellion၊ Woodcarving by ထိန်လင်း၊http://www.hteinlin.com/10.html?frm_data1=15&frm_data1_type=large)

Friday, 4 March 2011

ကိုကြီးမိုး သို့

ကိုကြီးမိုး သို့
မာမာအေး
ဇန်န၀ါရီ ၂၂၊ ၂၀၁၁
 “လေးနှစ်”ပေါက် သော်လည်း
ကြွေးဟစ် မလျှောက်သာတော့
ဆွေးရစ်သလောက် စာပန်းချီ
တကန့်စီ၊ တကန့်စီ

ကိုကြီးကြိုက် “ဒီမိုကရေစီ”
ဟိုနားဆီ၊ သည်နားဆီ
ရှိတုန်းထက် များပါသည်

သူမှန်သည်၊ ငါမှန်သည်
ထုသည် နှိပ်သည်၊ ကိုယ်ချင်းမစာပြီ
“ငါနှင့် ငါ” တွေ များလာသည်

ဘယ်ဟာကို ကဗျာသီ
ဘယ်ဟာကို ကူရ
စိတ်နှစ်ခွ အစာမကြေ
ကဗျာမေ ထွက်ပြေး
သည်းရင်မှာ လေးလွန်းလို့
ခေမာကျွန်းက လွမ်းတဲ့ ကိုကြီး
ပြန်ပြီးလာရင် ဦးဏှောက်ပဲ
မရဲတရဲ သတင်းပေး
ကိုကြီးမိုးရဲ့ နှမထွေး။   

၂၀၁၁ ဇန်န၀ါရီ ၂၀၊ သောကြာနေ့၊ နံနက် ၈ နာရီ ၂၆ မိနစ်၊ ဖို့ဝိန်းမျြိ့

ခရမ်းပြာမြင်းရိုင်းရဲ့သမိုင်းတွင်မဲ့ကဗျာ


ရှရီ နမော ဗုဒ္ဓါယ
အပြစ်ကင်းသော အစိုးရ ထူထောင်ကြ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
လွတ်လပ်မှုကို လိုပါ၏
ဓမ္မံ သရဏံ ဂစ္ဆာမိ
တရားမျှတမှုကို လိုပါ၏
သံဃံ သရဏံ ဂစ္ဆာမိ
ငြိမ်းချမ်းမှုကို လိုပါ၏။

ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
စစ်အာဏာရှင်အုပ်စု အလိုမရှိ
ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ
ကြံ့ဖွတ် လူသတ်သမား အလိုမရှိ
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ
စွမ်းအားရှင် ခွေးသရမ်း အလိုမရှိ။

တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
‘တပ်’နှင့် သံဃာ၊ ရိုသဒ္ဓါ၊ ညီညာကြရာ၏
တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ
‘တပ်’နှင့် ကျောင်းသား၊ မေတ္တာထား၊ လေးစားကြရာ၏
တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ
‘တပ်’နှင့် ပြည်သူ၊ အောင်ပွဲယူ၊ ကြည်ဖြူကြရာ၏။

ရှရီ နမော ဗုဒ္ဓါယ
သန့်ရှင်းသော အစိုးရ ထူထောင်ကြ
ရှရီ နမော ဗုဒ္ဓါယ
အပြစ်ကင်းသော အစိုးရ ထူထောင်ကြ။ ။

အောင်ဝေး
(၂၇-၁၀-၀၇)

Thursday, 3 March 2011

ရှာရခက်သောရှားပါးစာအုပ်ကောင်းမျာ

Tuesday, 1 March 2011

ရုပ် ရှင် ထဲ က အ လှ ဆုံး ဓါတ် ပုံ


ရုပ်ရှင်ထဲက
အလှဆုံးဓါတ်ပုံ
ုံ
ပွင့်ဖတ်တွေကြွေနေတဲ့
နှင်းဆီပန်းပဲဖြစ်ဖြစ် .. ဒါမှမဟုတ်
စံပယ်ပန်းတစ်ကုံးဆို ပိုကောင်းမယ်
ကြမ်းပေါ်ချ အပွင့်တွေ ခြွေချထားလိုက်
ပြီးရင် ဓါတ်ပုံရိုက်မယ်။
ဝိုင်ပုလင်းဆိုပိုကောင်းမယ်ထင်တယ်
ရပါတယ် ဖြစ်သလို ရမ်ပုလင်းလဲ ရတယ်
ဖန်ခွက်ကို ခပ်လဲလဲလေး လှဲထားလိုက်
ဒါမှ မဟုတ် ခွဲပစ်လိုက်ရင် သာကောင်းသေး
ပြီးရင် ဓါတ်ပုံရိုက်မယ်။
မိန်းကလေးတစ်ယောက်
အခြားဖက်လှည့်ပြီး ငိုနေမယ်
ဟုတ်တယ်
သူ့ ပုခုံးတွေ တသိမ့်သိမ့် ခါနေမယ်
မျက်နှာဖေါ်စရာမလိုဘူး
ပြီးရင် ဓါတ်ပုံရိုက်မယ်။
နောက်ထပ် ငါပြမယ်
ဘယ်သူမှမသုံးသေးတဲ့ နိမိတ်ပုံ ပန်းချီကားတစ်ချပ်
ငါအမြန်လိုချင်တယ်
လူတစ်ယောက်ကို ကျကျနနရေးဆွဲထားတဲ့ပန်းချီကားတစ်ချပ်
ဒါပေမယ့် လူတစ်ယောက်ဖြစ်ကြောင်း
နှာခေါင်းတစ်ခုတည်းဆွဲပေးပါ
ပြီးရင် ဓါတ်ပုံရိုက်မယ်။

                                   ကိုသစ်ကို

ဆံသဆိုင်မှ အပြန်



ကတ်ကြေးသံတရွှမ်းရွှမ်းနဲ့အသံပြုနေတဲ့ ငတိ
သူကဆံပင်ကလွဲလို့ ဘာမှစေ့စေ့တောင် မကြည့်ဘူး
အိမ်ကထမင်းအိုးအတွက် ဆံပင်
သောက်နေကျ ဖန်ရွှတ်အတွက် ဆံပင်
အငယ်ကောင် နှာစေးချောင်းဆိုးအတွက် ဆံပင်
သူက နေ့နေ့ညည ဆံပင်တွေကိုပဲစိတ်ဝင်စားတယ်
တစ်လောကလုံးမှာ ဆံပင်ကလွဲလို့
အခြားအပင်တွေကို စိတ်ဝင်စားရကောင်းမှန်းလဲ
သူမသိဘူး
ဆက်လက်ဖတ်ရှုရန်

အိမ်အပြန်

အိမ်မက်ထဲမှာ ဆရာဇော်ဂျီနဲ့တွေ့တယ်
ကျွန်တော့်ကို ပြုံးကြည့်နေတယ်
မင်းရဲ့သွေးတွေ သုတ်လိုက်ပါအုံးတဲ့။
ပြီးတော့...
ဗေဒါလမ်ူးကဗျာတွေ ရွတ်ပြတယ်
ပိတောက်ေ၇ွှဝါကဗျာတွေ ရွတ်ပြတယ်
ရှေးခေတ်ပုဂံကဗျာတွေရွတ်ပြတယ်
မဟာဆန်ချင်သူပြဇတ်အကြောင်းပြော
ပတယ်
ပလေးတိုးအကြောင်းပြောပြတယ်
သခင်ကိုယ်တိုင်မှိုင်းအကြောင်းပြောပြတယ်
သခင်အောင်ဆန်းအကြောင်းပြောပြတယ်
ရသစာပေကိုထပ်ဖွင့်ပြတယ်
နောက်ဆုံး...
ထလော့မြန်မာ၊ မြန်မာထလော့ ကဗျာကို
မာန်ပါပါနဲ့ရွတ်ပြတယ်
ကျွန်တော်သွေးတွေ
ဆူပွက်ထလာတယ်။
ကဗျာရွတ်သံဆုံးသွားတယ်
ကျွန်တော့်သွေးတွေမဆုံးသေးဘူး
ကဗျာရဲ့ပရမတ် တွေနဲ့အတူ
အရှိန်ပြင်းပြင်းနဲ့ စီးဆင်းနေတုန်းပဲ
ညကတိတ်ဆိတ် ငြိမ်သက်နေတယ်
ဆရာဇော်ဂျီရဲ့ပင့်သက်ရှိုက်သံဟာ
နှလုံးသားကိုထိထိခိုက်ခိုက် ၊ ပွတ်တိုက်သွားတယ်
ခေါင်းငုံ့နေခဲ့မိတယ်
ငှက်ဆိုးကအလန့်တကြားနဲ့ထထိုးသွားတယ်
ကြယ်တွေကြွေကြတယ်
ကျီးတွေပြိုကြတယ်
ကျွန်တော်အိမ်ပြန်တော့မယ်အဘိုး...
ဆရာဇော်ဂျီက ခေါင်းငြိမ့်ပြတယ်
အပြန်လမ်းမှာ...
အတွေးတွေက တငွေ့ငွေ့လောင်ကျွမ်း
ခြေလှမ်းတွေကတရွေ့ရွေ့
အိမ်မက်ကိုကျောခိုင်းထွက်ခွာနေပြီ
အိမ်မက်ကမနှိုးထခင်
နောက်ဆုံးခြေတစ်လှမ်းအလိုမှာပဲ
အားလုံးကို အကြည့်တချက်နဲ့
လက်ပြနှုတ်ဆက်ခဲ့တယ်
ကျွန်တော်ပြန်ပြီနော်...
ဘာများထူးဆန်းလို့လဲ
လာတုန်းကလည်း တစ်ယောက်ထဲ....။

                                             ထွန်းအော်

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews