Friday, 18 February 2011

ဧရာဝတီ

ကြည့်စမ်းဧရာဝတီ မင့်ပခုံးပေါ်ထိုင်ပြီးဇင်ယော်ငှက်တွေကြည့်ခဲ့တုန်းက မင့်ပခုံးပေါ်ထိုင်ပြီးသဲဖြူဖြူအိမ်တွေဆောက်ခဲ့တုန်းက မင့်ပခုံးပေါ်ထိုင်ပြီးလူမသိသူမသိအိပ်ခဲ့တုန်းက ကြည့်စမ်းဧရာဝတီ မင့်ကျောပြင်ပေါ်တက်ပြီးပြေးတမ်းလိုက်တမ်းကစားခဲ့တုန်းက မင့်ကျောပြင်ပေါ်တက်ပြီးစက္ကူစွန်တွေလွှတ်ခဲ့တုန်းက မင့်ကျောပြင်ပေါ်တက်ပြီးကျောက်ခဲလေးတွေကောက်ခဲ့တုန်း ကြည့်စမ်းဧရာဝတီ မင့်ခြေတိုင်မှာ စကားလုံးစိမ်းတွေဝှက်ခဲ့တုန်းက မင့်ခြေတိုင်မှာ သံသယတွေဝှက်ခဲ့တုန်းက မင့်ခြေတိုင်မှာ အမုန်းတရားတွေဝှက်ခဲ့တုန်းက ကြည့်စမ်းဧရာဝတီ မင့်ရင်ခွင်မှာ စိတ် အစိတ်ပိုင်းတွေလဲခဲ့တုန်းက မင့်ရင်ခွင်မှာ မျက်ရည်စတွေသိပ်ခဲ့တုန်းက မင့်ရင်ခွင်မှာ ပန်းနုရောင်ပန်းတွေပွင့်ခဲခတုန်းက မင်းပြောခဲ့တယ် တစ်ယောက်ထဲဆိုဖောက်ဖျက်ခွင့်မပေးဘူးဆို မင်းပြောခဲ့တယ် တစ်ယောက်ထဲဆိုလိုချင်ရာတောင်းခံခွင့်မပေးဘူးဆို မင်းပြောခဲ့တယ် တစ်ယောက်ထဲဆိုပျံသန်းခွင့်မပြုဘူးဆို မေ့များမေ့နေရော့သလားဧရာဝတီ မင်း မျက်စိတွေမှိတ်ပြခဲ့ဖူးတယ်လေ မင်း လက်ယက်ပြီးခေါ်ခဲ့ဖူးတယ်လေ မင်း ကတိတွေတောင်းခဲ့ဖူးတယ်လေ ပြောပြပါဧရာဝတီ ငါမသိအောင်ပြောခဲ့တဲ့စကားတွေအကြောင်း ငါမသိအောင်ဟောခဲ့တဲ့တရားတွေအကြောင်း ငါမသိအောင်လျှောက်ခဲ့တဲ့လမ်းမတွေအကြောင်း ကြည့်စမ်းဧရာဝတီ အခုတော့ လေမတိုက်ဘဲလွှတ်ရတဲ့စွန်လို အခုတော့ မမူဘဲသောက်ရတဲ့အဖျော်လို အခုတော့ မပျော်ဘဲအိပ်ရတဲ့ညလို ကျွဲရိုင်းမလေးထားခဲ့တဲ့ဘဝ ဧရာဝတီရေ ငါတစ်ယောက်ထဲ လွမ်းရင်းလွမ်းရင်းနဲ့လွမ်း ငါတစ်ယောက်ထဲမှန်းရင်းလွမ်းရင်းနဲ့လွမ်း ငါတစ်ယောက်ထဲတမ်းချင်းလွမ်းရင်းးနဲ့လွမ်း သဲဖြူဖြူအိမ်ကလေးတွေလည်း ဆွေးလို့ ဇင်ယော်ငှက်ကလေးတွေလည်း ငေးလို့ လေသင့်ရာအသံတွေကိုမျှော်ရင်း ငါ့မယ်တော့ ........။ ။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews