Friday, 18 February 2011

မိုးတိမ်

    မိုးတိမ်
ငါ့ အတ္တတွေအရည်ပျော်လာတဲ့
နွေနံနက်ခင်းရဲ့အောက်မှာ....
အိမ်ရှေ့ကပိတောက်ပင်အိုကြီးလည်း
သွေးခဲနေပြီ........
နွေအလည်မှာ ရေဆာတယ်
ဒါပေမဲ့...မေတ္တာကိုပိုဆာတယ်...
လ မသာတဲ့ညတွေမှာ
အလင်းပေးတဲ့ ဖယောင်းတိုင်လိုချင်လိမ့်မယ်...
မာကျူရီ မီးအိမ်မဟုတ်ခဲ့ပေမဲ့
မီးခွက်နဲ့ မီးစာ မင်းနဲ့ ငါ....
ယုံကြည်ခြင်းတွေက ဖိတ်စာမပါဘဲ
ငါတို့ ရဲ့အနာဂတ်တွေကို လုယက်သွားတယ်...
ပြောင်းချင်တာတွေပြောင်းသွားပေမယ့်
မပြောင်းလဲသေးတဲ့ နှလုံးခုန်နှုန်းနဲ့ ...
ငါ့မှတ်တိုင်လေးအတွက်...တစ်ခုခုပြောလိုက်ပါ....
မှတ်တိုင်သစ်မှာ ကျောက်ချနေပြီ ဆိုရင်လည်း
အေးနေတဲ့ ငါ့ရင်အစုံကို ....
ငါကိုယ်တိုင် လောင်စာလောင်းပြီး မီးမြှိုက်လိုက်ပါတော့မယ်..
တကယ်တော့......
ရေစီးကမ်းပြိုလိုက်နေတဲ့ ငါ့နှလုံးသားနဲ့ 
ဘယ်လိုပြောရက်မှာလဲ......
မျှော်လင့်ထားတဲ့ တို့ ရဲ့အိမ်မက်တွေ အကြောင်းကို...
နေသာမှန်းသိရင်တောင်...
မိုးရွာထဲ လမ်းလျှောက် စောင့်နေတဲ့...
ငါ့မျက်ရည်တွေပါဘဲ..........။
                                     ဧရာဝတီသား

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews