Tuesday, 22 February 2011

လူပြတ်တဲ့လမ်း

စကတည်းကကို နာခဲ့ရတဲ့ဇာတ်ပါ
စာမျက်နှာတရွက်လောက် ကျော်ဖတ်ခွင့် ရနိုင်မလား
ကောင်းကင်က တိမ်တောင်တွေကတော့
ရောင်ပြောင်းတောက် နာရီတွေပတ်
ပါတိတ်ရှပ်အဆင် မထပ်ဘဲ
တချပ်မှောက် ကစားနေကြ
လေပြင်းမုန်တိုင်းနဲ့။

တည့်တည့်ဖောက်ထွင်းသွားတဲ့ မြားတစင်းလို
ပစ်မှတ်ကို ငတ်မွတ်တတ်ဖို့ လိုမယ်
အလွတ်သဘော ပြောဆိုမှုမျိုးမှာတောင်
နောင်တတရားမဲ့ တိုက်ခတ်နိုင်ခဲ့ပါရဲ့နဲ့
တချို့ရင်ချင်းဆက်ခဲ့သူတွေက
ခေတ်ပြိုင်ခံစားမှုတဲ့
အထူးပြုလုပ်ချက်များသော ဈေးကွက်ထဲ နေရာဦး
မြူးကြွတေးသွားအလိုက်နဲ့အတူ
“လူကြီးမင်းများ လက်ခုပ်တီးပါ”
ချိုပြုံးက သိနေတယ်။

ဒီလိုပင်လယ်ပြင် ငြိမ်သက်နေပုံမျိုး
သမရိုးကျ အမျှဝေပုံမျိုးနဲ့တော့
မကြိုးစားလိုက်ကြပါနဲ့
ငါ့ဝိညဉ်ကို ကယ်တင်ဖို့။      ။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews