Tuesday, 28 June 2011

NTLDR - Boot.ini - Missing NTDETECT

ကွန်ပျူတာ စပြင်ကာက ပြဿနာ တစ်ရပ်ပါ။ အဲဒီပြဿနာကတော့ ၀င်းဒိုး မတက်တော့ပဲ အောက်က error ပဲ ပြနေတယ်။

NTLDR is missing
NTLDR is missing. Press CTRL + ALT + DELETE to restart

အဲဒါပြတယ်။ Ctrl + Alt + Delete လုပ်လိုက်ရင် Restart ကျသွားပါလေရော။ တော်တော်ရှုပ်တဲ့ ပြဿနာ တစ်ရပ်ပါပဲ။ မိမိအနေနဲ့ မလုပ်တတ်၊ မကိုင်တတ်ခဲ့တော့ ၀င်းဒိုးကို format သာ ချခဲ့ပါတယ်။ အလုပ်ရှုပ် အချိန်ကုန်ပေါ့။ အခု ဒီပြဿနာ ဖြစ်ခဲ့ရင် အောက်က နည်းလမ်းတွေ အတိုင်း စမ်းကြည့်ကြပါ။ ကျွန်တော်ကိုယ်တိုင်ကတော့ ဒီပြဿနာကို မကြုံရတာ ကြာနေတော့ မစမ်းရသေးပါဘူး။ လိုရမယ်ရ ဖော်ပြပေးလိုက်တာပါ။

နည်းလမ်း(၁)
- စက်ထဲကို Window CD ထည့်ပြီး F10 ကို နှိပ်ပါ။
- ပြီးရင် Command Prompt ပေါ်လာရင် fixboot C: ဆိုတဲ့စာသားကို ရိုက်ပြီး Restart ချလိုက်ပါ။

နည်းလမ်း(၂)
- စက်ထဲကို Window CD ထည့်ပါ။
- ပြီးရင် r key ကို နှိပ်ပါ။
- CD Rom ကို ရွေးပါ။ မိမိရဲ့ CD Rom က X: ဆိုရင် X: ကို ရိုက်ပါ။
- ပြီးရင် cd i386 ရိုက်ပါ။ ပြီးရင် copy ntldr c: ။ ပြီးရင် copy ntdetect.com c: ကို ရိုက်ပါ။
- ပြီးရင် Restart ချပါ။

နည်းလမ်း(၃)
- floppy Disk နဲ့ လုပ်ရမှာပါ။ floppy Disk ထဲကို NTLDR file , boot.ini , NTDETECT ဖိုင်(၃)ဖိုင်ကို Copy ကူးထည့်ပါ။
- စက်ထဲကို floppy disk ထဲပြီး floppy မှ Window တက်ပါ။ Command Prompt တွင် copy ntldr c: ကို ရိုက်ပါ။ - Restart ချပါ။

အထက်ပါ နည်းလမ်းများဖြင့် စမ်းသပ်၍ မရခဲ့လျှင် လမ်းဟောင်းလေးအတိုင်း Window သာ အသစ်တင်လိုက်ပါတော့။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews