Thursday, 5 May 2011

Gtalk Off Line Login

Gtalk Off Line Login



ကိုကျော်သူလင်းကလဲရှာဖွေတင်ပြပါတယ် အများကြီးပဲ .... ကျွန်တော်အချစ်နန်းတော်က က ချက်ပုန် လေးတွေ အတွက် တော့ special ပေါ့ ... ဒီတစ်ခါ ကျွန်တော် ကူး ပြချင်တဲ့ အကြောင်းလေးကတော့ Gtalk က ကိုယ့်ရဲ့ သူငယ်ချင်း တွေကို ကိုယ်ကတော့ မြင်ရမယ် သူတို့ ။ offline ဖြစ်နေမယ်… အဲဒါကို တစ်ချို့ကတော့ Mail ထဲကနေ invisible လုပ်ထားကြတယ်။ အခု ကျွန်တော် ဖော်ပြချင် တာကတော့ Mail ထဲကမဟူတ်ဘူး။ Gtalk Gadget လို့ ခေါ်တယ်… ဒီနေရာလေးကိုသွားလိုက်ပါ။

 http://talkgadget.google.com/talkgadget/popout

အဲဒီမှာ အရင်ဆုံး Signin ကို နှိပ်လိုက်ပါ။ ပြီးရင် ပုံမှန်အတိုင်း Gtalk က Username နဲ့ Password ကိုရိုက်လိုက်ပါ။ ဒါဆိုရင် စလို့ ရပါပြီ… သူငယ်ချင်းတို့ရဲ့ မိတ်ဆွေတွေကို Gtalk မှာလိုပဲ တွေ့ရမယ်။ ဒါပေမယ့် ပုံမှန် Gtalk နဲ့ တော့ အကုန်မတူဘူးနော်။ သူက တစ်မျိုးလေး… အဲဒီအထဲကို ရောက်ရောက် ချင်း Gtalk အတိုင်းပဲ Online မှာရှိနေတဲ့ ကိုယ့်သူငယ်ချင်းတွေကို အပေါ်ဆုံးမှာ တွေ့ရမယ်။ အခု အတိုင်း ဆို သူတို့ကလည်း ကိုယ့်ကို Gtalk မှာ Online အနေနဲ့ ပုံမှန်အတိုင်း မြင်ရမယ်…. ပြောချင်တဲ့ သူကို ကလစ်နှိပ်ပြီး ပြောကြည့်ပါ။ပုံမှန် Gtalk အတိုင်းပဲ…. သူကတော့ သူငယ်ချင်းတစ်ယောက်ကို စကားပြောဖို့ ကလစ်နှိပ်လိုက်ရင်
 ပုံမှန် Gtalk ကလို Window တစ်ခု အနေနဲ့တော့ ထွက်မလာဘူး။ Tab တစ်ခုအနေနဲ့ Contacts ရဲ့ဘေးမှာ ကိုယ်ပြောမယ့် သူငယ်ချင်းရဲ့ နာမည်နဲ့ ထွက်လာမယ်…ကဲ အခုစပြောတော့မှာက သူငယ် ချင်း တို့ သိချင်နေတဲ့ ကိုယ့်ကို သူများမမြင်အောင်
offline လုပ်ကြမယ်ဆိုတဲ့ အကြောင်းလေ… အရင်ဆုံး Gtalk မှာ Singout လုပ်ဖို့သွားတဲ့ မြှားလေးကို မှတ်မိတယ်နော်။ အဲဒါက Contacts ရဲ့ အောက်မှာရှိတယ်… အဲဒီံ မြှားကလေး ကို ကလစ်နှိပ်လိုက်ပါ။ ပြီးရင် အောက်ဆုံးနားက invisible ကိုရွေးပေးပါ… ဒါဆိုရင် ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ကို မမြင် ရတော့ဘူး။ ကိုယ်က သူတို့ဆီမှာ offline ဖြစ်သွားပြီ… ကိုယ်ကသာ သူတို့ကို မြင်နေရမယ်… ကိုယ်က offline ပုံစံဖြစ်နေပေမယ့် သူတို့ကို စကားသွားပြောလို့ ရတယ်နော်… သူတို့ဆီမှာတော့ ကိုယ်က offline ကြီးနဲ့ စကားတွေပြောနေတာပေါ့…
ကဲ စမ်းသပ် ကြည့်လိုက်ကြပါ…
 ခိုးကြောင်ခိုး ၀ှက် ချက်ရဘူးနော်...

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews