Tuesday, 1 March 2011

အိမ်အပြန်

အိမ်မက်ထဲမှာ ဆရာဇော်ဂျီနဲ့တွေ့တယ်
ကျွန်တော့်ကို ပြုံးကြည့်နေတယ်
မင်းရဲ့သွေးတွေ သုတ်လိုက်ပါအုံးတဲ့။
ပြီးတော့...
ဗေဒါလမ်ူးကဗျာတွေ ရွတ်ပြတယ်
ပိတောက်ေ၇ွှဝါကဗျာတွေ ရွတ်ပြတယ်
ရှေးခေတ်ပုဂံကဗျာတွေရွတ်ပြတယ်
မဟာဆန်ချင်သူပြဇတ်အကြောင်းပြော
ပတယ်
ပလေးတိုးအကြောင်းပြောပြတယ်
သခင်ကိုယ်တိုင်မှိုင်းအကြောင်းပြောပြတယ်
သခင်အောင်ဆန်းအကြောင်းပြောပြတယ်
ရသစာပေကိုထပ်ဖွင့်ပြတယ်
နောက်ဆုံး...
ထလော့မြန်မာ၊ မြန်မာထလော့ ကဗျာကို
မာန်ပါပါနဲ့ရွတ်ပြတယ်
ကျွန်တော်သွေးတွေ
ဆူပွက်ထလာတယ်။
ကဗျာရွတ်သံဆုံးသွားတယ်
ကျွန်တော့်သွေးတွေမဆုံးသေးဘူး
ကဗျာရဲ့ပရမတ် တွေနဲ့အတူ
အရှိန်ပြင်းပြင်းနဲ့ စီးဆင်းနေတုန်းပဲ
ညကတိတ်ဆိတ် ငြိမ်သက်နေတယ်
ဆရာဇော်ဂျီရဲ့ပင့်သက်ရှိုက်သံဟာ
နှလုံးသားကိုထိထိခိုက်ခိုက် ၊ ပွတ်တိုက်သွားတယ်
ခေါင်းငုံ့နေခဲ့မိတယ်
ငှက်ဆိုးကအလန့်တကြားနဲ့ထထိုးသွားတယ်
ကြယ်တွေကြွေကြတယ်
ကျီးတွေပြိုကြတယ်
ကျွန်တော်အိမ်ပြန်တော့မယ်အဘိုး...
ဆရာဇော်ဂျီက ခေါင်းငြိမ့်ပြတယ်
အပြန်လမ်းမှာ...
အတွေးတွေက တငွေ့ငွေ့လောင်ကျွမ်း
ခြေလှမ်းတွေကတရွေ့ရွေ့
အိမ်မက်ကိုကျောခိုင်းထွက်ခွာနေပြီ
အိမ်မက်ကမနှိုးထခင်
နောက်ဆုံးခြေတစ်လှမ်းအလိုမှာပဲ
အားလုံးကို အကြည့်တချက်နဲ့
လက်ပြနှုတ်ဆက်ခဲ့တယ်
ကျွန်တော်ပြန်ပြီနော်...
ဘာများထူးဆန်းလို့လဲ
လာတုန်းကလည်း တစ်ယောက်ထဲ....။

                                             ထွန်းအော်

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews